။ နံနက်ခင်းချိန် သြဝါဒကထာ (စကား) ။

။ မလိုအပ်ဘဲ မတွေးတောနှင့်။ ။ အကျိုးမရှိဘဲ မခံယူပါနှင့်။ ။ မသိဘဲ မကျင့်ပါနှင့်။ ။ မခင်မင်ဘဲ မမြတ်နိုးပါနှင့်။ ။ မတတ်နိုင်ဘဲ ကတိမပေးပါနှင့်။ ။ လိုအပ်မှ တွေးပါစေ။ ။ အကျိုးရှိမှ သင်ယူပါစေ။ ။ သိမြင်မှ ကျင့်ပါစေ။ ။ ခင်မင်မှ မြတ်နိုးပါစေ။ ။ တတ်နိုင်မှ ကတိပေးပါ။ ။ သတိတရားကို အထင်နဲ့ မဆုံးဖြတ်ပါနှင့်။ တောင်ကလေးဆရာတော် ( ၅.၁၁.၂၀၂၂) ရက်နေ့နံနက်။